သန်းဦး​

သန်းဦး​

BIM Engineer​

သန်း သည် ၂၀၁၄ ခုနှစ်တွင် WYTU မှ BE(Civil) ဘွဲ့ကို ရရှိခဲ့ပြီး Engineering နယ်ပယ်တွင် အတွေ့အကြုံ ၉ နှစ်ကျော်ရှိပါသည်။ သူသည် အဆောက်အဦးတည်ဆောက်ရေး လုပ်ငန်းစဉ်အဆင့်ဆင့် (structural building construction phases) ကို ကောင်းစွာနားလည်ပြီး BIM ဆိုင်ရာ အသိပညာခိုင်မာပါသည်။​

Than သည် Dragages Singapore Pte Ltd တွင် BIM Modeling နှင့် Coordination ပိုင်းအား Revit, Navisworks နှင့် Solibri စသည့် Software များကို အသုံးပြု၍ လုပ်ကိုင်ခဲ့ပါသည်။ ထို့အပြင် C&S, ACMV, MEP, P&S နှင့် Architectural အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခဲ့သော အတွေ့အကြုံများလည်း များစွာရှိပါသည်။​

ထို့ပြင် Artelia Myanmar အောက်ရှိ Jetty နှင့် Oil & Gas Terminal တည်ဆောက်ရေး ပရောဂျက်များတွင် QA/QS Engineer အဖြစ်လည်း လုပ်ကိုင်ခဲ့ပါသည်။ ထို့အပြင် BIM ဆိုင်ရာ အသိပညာကို အစဉ်မပြတ် တိုးတက်အောင် ကြိုးစားနေသူဖြစ်ပြီး Dynamo ကို အသုံးပြုသော Automation နှင့် BIM 4D Simulation ဆိုင်ရာ ကျွမ်းကျင်မှုများလည်း ရှိပါသည်။​

လက်ရှိတွင် Python coding နှင့် Revit API programming ကို လေ့လာနေပြီး အနာဂတ်တွင် BIM နယ်ပယ်အတွင်း AI နည်းပညာ အသုံးချကာ လုပ်ငန်းထိရောက်မှုနှင့် ကျွမ်းကျင်မှုကို တိုးမြှင့်နိုင်ရန် ရည်ရွယ်ထားပါသည်။​

၂၀၂၄ ခုနှစ်တွင် Kedmor တွင် BIM Modeler အဖြစ် အလုပ်စတင်လုပ်ကိုင်ခဲ့ပါသည်။​