သန်းဦး
သန်းဦး
BIM Engineer
သန်း သည် ၂၀၁၄ ခုနှစ်တွင် WYTU မှ BE(Civil) ဘွဲ့ကို ရရှိခဲ့ပြီး Engineering နယ်ပယ်တွင် အတွေ့အကြုံ ၉ နှစ်ကျော်ရှိပါသည်။ သူသည် အဆောက်အဦးတည်ဆောက်ရေး လုပ်ငန်းစဉ်အဆင့်ဆင့် (structural building construction phases) ကို ကောင်းစွာနားလည်ပြီး BIM ဆိုင်ရာ အသိပညာခိုင်မာပါသည်။
Than သည် Dragages Singapore Pte Ltd တွင် BIM Modeling နှင့် Coordination ပိုင်းအား Revit, Navisworks နှင့် Solibri စသည့် Software များကို အသုံးပြု၍ လုပ်ကိုင်ခဲ့ပါသည်။ ထို့အပြင် C&S, ACMV, MEP, P&S နှင့် Architectural အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခဲ့သော အတွေ့အကြုံများလည်း များစွာရှိပါသည်။
ထို့ပြင် Artelia Myanmar အောက်ရှိ Jetty နှင့် Oil & Gas Terminal တည်ဆောက်ရေး ပရောဂျက်များတွင် QA/QS Engineer အဖြစ်လည်း လုပ်ကိုင်ခဲ့ပါသည်။ ထို့အပြင် BIM ဆိုင်ရာ အသိပညာကို အစဉ်မပြတ် တိုးတက်အောင် ကြိုးစားနေသူဖြစ်ပြီး Dynamo ကို အသုံးပြုသော Automation နှင့် BIM 4D Simulation ဆိုင်ရာ ကျွမ်းကျင်မှုများလည်း ရှိပါသည်။
လက်ရှိတွင် Python coding နှင့် Revit API programming ကို လေ့လာနေပြီး အနာဂတ်တွင် BIM နယ်ပယ်အတွင်း AI နည်းပညာ အသုံးချကာ လုပ်ငန်းထိရောက်မှုနှင့် ကျွမ်းကျင်မှုကို တိုးမြှင့်နိုင်ရန် ရည်ရွယ်ထားပါသည်။
၂၀၂၄ ခုနှစ်တွင် Kedmor တွင် BIM Modeler အဖြစ် အလုပ်စတင်လုပ်ကိုင်ခဲ့ပါသည်။
