ရွှန်းလဲ့လဲ့ကြိုင်

ရွှန်းလဲ့လဲ့ကြိုင်

​Team Leader

မရွှန်းသည် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါသည်။​

သူမ၏ ယခင်လုပ်ငန်းအတွေ့အကြုံများအရ စင်ကာပူအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် သုံးနှစ်ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး Precast BIM Officer အရာရှိတစ်ဦးအဖြစ် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။​

မရွှန်းလဲ့လဲ့ကြိုင်သည် လွန်ခဲ့သောနှစ်များအတွင်း စင်ကာပူစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ခဲ့သည့် အထပ် ၃၉ ထပ်ပါ “Two Gently Curving” မျှော်စင်များဖြစ်သော One Pearl Bank ကွန်ဒို၊ ၁၉ ထပ်ပါ Hotel Club Street နှင့် အခြားသော ကွန်ဒိုမီနီယံနှင့် ကျောင်းစီမံကိန်းများ အပါအဝင် စင်ကာပူဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်တွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။​

စီမံကိန်းကာလအတွင်း BIM (Revit) မော်ဒယ်များကို အသုံးပြု၍ အလုပ်ရုံဆင်းပုံစံများ (Shop Drawings)၊ အထူးသဖြင့် အဆောက်အအုံအစိတ်အပိုင်းများအတွက် သံကူကွန်ကရစ် အသေးစိတ်ပုံစံများ (Structural Reinforcement Rebar Detailing) နှင့် စာရွက်စာတမ်းများကို အချိန်မီ တစ်ပြိုင်တည်း ထုတ်ဝေနိုင်ရန် အခြားသက်ဆိုင်သူများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။​

သူမသည် Kedmor သို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဝင်ရောက်ခဲ့ပြီး သင်တန်းဆင်းခဲ့ကာ၊ ၂၀၂၄ ခုနှစ်တွင် အဖွဲ့ခေါင်းဆောင် (Team Leader) အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပါသည်။”​

မရွှန်းလဲ့လဲ့ကြိုင်သည် သူမ၏အားလပ်ချိန်များကို အစားအသောက်ပြင်ဆင်ခြင်း၊ ခရီးသွားခြင်းနှင့် ရုပ်ရှင်ကြည့်ရှုခြင်းတို့ဖြင့် ကုန်ဆုံးရန် နှစ်သက်သည်။​