နေအောင်လင်း
နေအောင်လင်း
BIM Engineer
နေအောင်လင်းသည် ၂၀၂၃ ခုနှစ်တွင် နည်းပညာတက္ကသိုလ် (စစ်တွေ) မှ Civil Engineering ဘွဲ့ကို ရရှိခဲ့ပါသည်။ ဘွဲ့ရပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်ရှိ လမ်းပန်းဆက်သွယ်ရေးဦးစီးဌာန (Department of Highways) တွင် Site Engineer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကွန်ကရစ်လမ်း ဆောက်လုပ်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် Straits Corporation တွင် Site Engineer အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဆောက်လုပ်ရေးစီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် Sky K Solution Company သို့ Structural BIM Modeler အဖြစ် ပြောင်းရွှေ့ဝင်ရောက်ခဲ့ပြီး Revit, Navisworks နှင့် Parametric Family Creation တို့ကို အသုံးပြု၍ BIM ဆိုင်ရာ အတွေ့အကြုံများကို ရရှိခဲ့ပါသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လတွင် Kedmor ကုမ္ပဏီသို့ BIM Engineer အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။
အလုပ်အချိန်ပြင်ပတွင် ခရီးသွားခြင်းနှင့် ရေကူးခြင်းတို့ကို ဝါသနာပါသူ ဖြစ်ပါသည်။
