ခန့်လင်းထွန်း
ခန့်လင်းထွန်း
BIM Engineer
ခန့်လင်းသည် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် မှာပညာသင်ယူရင်း အင်ဂျင်နီယာ (မြို့ပြ)ဘွဲ့ ကိုရရှိခဲ့သည်။ သူ၏ အင်ဂျင်နီယာအလုပ်အကိုင်လမ်းကြောင်းကို မြန်မာနိုင်ငံအခြေစိုက် Millimetre – Structural Consultant တွင် Structuralအင်ဂျင်နီယာအဖြစ်လုပ်ကိုင်ရင်း စတင်ခဲ့သည်။ ထိုသို့လုပ်ကိုင်ရင်း အမေရိကန်အခြေစိုက် Code of Practiceများဖြစ်သည့် ACI၊ AISC၊ ASCE codeများနှင့် ရင်းနှီးအကျွမ်းတဝင်ဖြစ်လာခဲ့သည်။
ခန့်လင်းသည် Kedmor Engineers တွင် Structural BIM အင်ဂျင်နီယာ အဖြစ် ၂၀၂၅ခုနစ်၊ မေလ တွင်စတင်ဝင်ရောက်လုပ်ကိုင်ပါသည်။
KEDMOR သို့ဝင်ရောက်ချိန် မှစပြီး Kedmor Projectများစွာတွင်ပါဝင်ခဲ့ပြီး ထိုprojectများ အချို့မှာမူ “Em Hamushavot တံတား၏ End Segmentအပိုင်း၊ဂျေရုစလင်မြို့ရှိ Duchifat Gate၊ နိုင်ဂျီးရီးယား Bendeတံတား ပင်ဖြစ်သည်။ Structuralမွန်းမံပြင်ဆင်သည့် ကိစ္စရပ်များ တွင်လည်း Defectများကို လိုအပ်သည်များဖြင့် အင်ဂျင်နီယာ လမ်းညွှန်မှုအတိုင်းရေးဆွဲခြင်းများပြုလုပ်ခဲ့သည်။
သူသည် အားလပ်ချိန်တွင် သီချင်းဆိုရတာနှင့် သိပ္ပံဇာတ်ကားများကို နှစ်သက်သူဖြစ်သည်။
