READING STATION

Location: Tel Aviv​

Client: NTA​

Architect: Kaan Architects​

Sector: သယ်ယူပို့ဆောင်ရေး​

တဲလ်အဗစ် (Tel-Aviv)မြေပေါ်ရထားစနစ်သစ်၏ လမ်းကြောင်းစိမ်း (Green Line) တွင် ပါဝင်သည့် မြေပေါ်ရထားဘူတာရုံတစ်ခု၏ တည်ဆောက်ပုံဒီဇိုင်း (Structural design) ဖြစ်ပါသည်။ ဤ တည်ဆောက်ပုံ (Structure) ကို Kedmor မှ ဒီဇိုင်းရေးဆွဲရာတွင် ရာကွန်မြစ်ကူးတံတား (Yarkon River bridge) ပါဝင်ပြီး ခရီးသည်များအနေဖြင့် ပထမထပ်ရှိ ဘူတာရုံပလက်ဖောင်းသို့ တိုက်ရိုက်ဆင်းနိုင်ရန် စီမံထားပါသည်။​

ဒီဇိုင်းပိုင်းတွင် ရထားပလက်ဖောင်းကို ထောက်ကန်ပေးရန်နှင့် ဘေးတိုက်တည်ငြိမ်မှု (Lateral stability) ရှိစေရန်အတွက် အပြင်သို့ မြင်မရသော သံကူကွန်ကရစ် တည်ဆောက်ပုံ (Concealed reinforced concrete structure) ကို အသုံးပြုထားပြီး၊ ၎င်းနှင့်အတူ ဗိသုကာလက်ရာမြောက်စွာ ဖော်ပြထားသော ပေါ့ပါးသည့် သံမဏိဘောင် မျက်နှာစာ (Light-weight steel framed façade) နှင့် အမိုးတည်ဆောက်ပုံတို့ကို ပေါင်းစပ်ထားပါသည်။​

ဒီဇိုင်းလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်ချောမွေ့စေရန် BIM model ကို Sofistik finite element analysis software နှင့် ချိတ်ဆက်အသုံးပြုခဲ့ပြီး၊ ၎င်းသည် အကောင်းမွန်ဆုံးနှင့် အထိရောက်ဆုံးသော ဒီဇိုင်းကို ရရှိစေရန် အထောက်အကူပြုခဲ့ပါသည်။​