HOSHAYA AND ZIPORIT BRIDGES
တည်နေရာ – လမ်း ၇၇ (Road 77), အစ္စရေးလ်
Hoshaya နှင့် Ziporit တံတားများသည် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ Road 77 အပေါ်တွင် တည်ဆောက်ထားပြီး ‘Diamond Shape’ Interchange ဖြင့် လမ်းကြောင်းအဆက်မပြတ် သယ်ယူပို့ဆောင်ရေးကို အဆင်ပြေစွာ ပံ့ပိုးပေးပါသည်။
တံတားများ၏ စုစုပေါင်း အရှည်မှာ တစ်ခုလျှင် ခန့်မှန်းအားဖြင့် ၅၂ မီတာရှိပြီး Span နှစ်ခုကို ဖွဲ့စည်းထားသည်၊ တစ်ခုလျှင် ၂၆.၅ မီတာ ရှည်လျားပါသည်။ တံတားအကျယ်သည် Parapet များအကြား ၁၃.၁ မီတာရှိပါသည်။
Superstructure များကို Precast Concrete U-Shaped Girders ဖြင့် ဒီဇိုင်းရေးဆွဲကာ တည်ဆောက်ထားပါသည်။
Superstructure နှင့် Substructure များကို Integral Bridge Method အရ Bearings နှင့် Expansion Joints မပါဘဲ Monolithic Connection ဖြင့် ချိတ်ဆက်ထားပါသည်။
