ELELENWO BRIDGE

တည်နေရာ – Port Harcourt မြို့၊ နိုင်ဂျီးရီးယား

Elelenwo တံတားသည် Port Harcourt အနီးတွင် တည်ရှိပြီး နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းဒေသရှိ Amadi-Garrisson လမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

တံတား deck ကို အနက် ၂.၃ မီတာမှ ၄.၅ မီတာအထိ ပြောင်းလဲသော hollow concrete box-segment များဖြင့် ဖွဲ့စည်းထားသည်။ ဤတံတားသည် အကျယ် ၁၁ မီတာရှိပြီး စုစုပေါင်းအရှည် ၁၆၀ မီတာရှိကာ span သုံးခုပါဝင်သည်။ အရှည်ဆုံး span သည် ၈၀ မီတာဖြစ်သည်။ တည်ဆောက်ရာတွင် form traveller ကို အသုံးပြုကာ balanced cantilever method ဖြင့် ဆောက်လုပ်ထားသည်။

substructure ကို သံချောင်းတပ်ကွန်ကရစ် double-wall ပုံစံ mid-pier များဖြင့် ဆောက်လုပ်ထားပြီး pile အခြေခံအုတ်မြစ်များပေါ်တွင် တည်ဆောက်ထားသည်။