ကျင့်ဝတ်ဆိုင်ရာစည်းမျဥ်းများ
ကျွန်တော်တို့ ကျင့်ဝတ်စည်းမျဥ်းများ
၁။ မိတ်ဆက်
Kedmor Engineers Ltd. သည် တစ်ကမ္ဘာလုံးဆိုင်ရာ တည်ရှိမှုရှိသော အဆင့်မြင့်
အဆောက်အဦးဖွဲ့စည်းမှု (Structural Engineering) ဒီဇိုင်း အကြံပေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် လူတစ်ဦးတစ်ယောက်စီ၏မတူကွဲပြားမှုကို လေးစားတန်ဖိုးထားပြီး တရားမျှတမှုနှင့်
အားလုံးပူပေါင်းပါဝင်နိုင်သော လုပ်ငန်းခွင်တစ်ခုကို ဖော်ဆောင်ရန် ကတိပြုထားပါသည်။ အပြည်ပြည်ဆိုင်ရာ
အမြင့်ဆုံး စံနှုန်းများကို ကိုယ်တိုင်လိုက်နာကာ ကျင့်ဝတ်ရှိသော စီးပွားရေး လုပ်ထုံးလုပ်နည်းများ၊
ပရော်ဖက်ရှင်နယ် ထူးချွန်မှုနှင့် လူမှုရေးတာဝန်ယူမှုများကိုလည်း အလေးထား
လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ ဤ အကျင့်စည်းမျဉ်း (Code of Conduct) သည် ကျွန်ုပ်တို့၏
အခြေခံတန်ဖိုးများနှင့် လုပ်ဆောင်ချက်များကို လမ်းညွှန်ပေးသည့် အခြေခံအယူအဆများကို
ဖော်ပြထားပါသည်။
၂။ အခြေခံတန်ဖိုးများ
အကျင့်စာရိတ္တ (Integrity):
ကျွန်ုပ်တို့သည် အဖွဲ့အစည်းအတွင်းနှင့် အဖွဲ့အစည်းပြင်ပရှိ ဆက်ဆံရေးအားလုံးတွင် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှုဖြင့်အရာရာကိုပူးပေါင်းပါဝင်
လုပ်ဆောင်ပါသည်။
ပရော်ဖက်ရှင်နယ် ထူးချွန်မှု (Professional Excellence):
ကျွန်တော်တို့သည် အရည်အသွေး၊ လုံခြုံရေးနှင့် အလှအပ (Elegance) တို့ကိုအလေးထားပြီး အမြင့်ဆုံး စံနှုန်းကွာလတီများဖြင့် ဖြည့်ဆည်းနိုင်သည့်
ထူးချွန်သော အင်ဂျင်နီယာ ဆိုင်ရာနည်းပညာဖြေရှင်းချက်များကို ပံ့ပိုးပေးနိုင်ရန် အမြဲတမ်း ကြိုးပမ်းလုပ်ဆောင်ပါသည်။
ဆန်းသစ်တီထွင်မှု (Innovation):
ဝန်ဆောင်မှုများကို ဆက်လက်တိုးတက်ကောင်းမွန်စေရန်နှင့် Structural Design နယ်ပယ်၏ ကန့်သတ်ချက်များကို ကျော်လွန်နိုင်ရန် နည်းပညာအသစ်များနှင့်
လုပ်ငန်းနည်းလမ်းအသစ်များကိုလဲ လေ့လာဆန်းသစ်လက်ခံအသုံးချပါသည်။
လေးစားမှု (Respect):
လူမျိုး၊ ဘာသာ၊ ယဥ်ကျေးမှု၊ အခြားသောမတူကွဲပြားမှုနှင့် စုပေါင်းပါဝင်နိုင်မှုကို အလေးအနက်ထားကာ လုပ်ငန်းမိတ်ဖက်များ၊ ဖောက်သည်များနှင့်
လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများအားလုံးကို ဂုဏ်သိက္ခာနှင့်အညီ လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်ပါသည်။
တည်တံ့ခိုင်မြဲမှု (Sustainability):
ကျွန်တော်တို့သည် ပတ်ဝန်းကျင်အကျိုးဖြစ်စေမည့် တာဝန်ရှိသော လုပ်ထုံးလုပ်နည်းများကို လိုက်နာကာ ကျွန်ုပ်တို့၏ စီမံကိန်းများ၏
ရေရှည်အကျိုးသက်ရောက်မှုကို အလေးထား စဉ်းစားပါသည်။
၃။ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များ (Business Ethics)
ဥပဒေနှင့် စည်းမျဉ်းများကို လိုက်နာမှု (Compliance with Laws and Regulations):
ကျွန်ုပ်တို့ လုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံတိုင်းတွင် သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများအားလုံးကို အပြည့်အဝ လိုက်နာဆောင်ရွက်ပါသည်။
အကျိုးစီးပွား ဆန့်ကျင်မှုများ (Conflicts of Interest):
ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများနှင့် Kedmor Engineers Ltd. သို့မဟုတ် ဖောက်သည်များ၏ အကောင်းဆုံး အကျိုးစီးပွားများအကြား ဆန့်ကျင်မှု
ဖြစ်ပေါ်စေနိုင်သည့် အခြေအနေများကို ကျွန်တော်တို့ရှောင်ရှားပါသည်။
အကျင့်ပျက်ချမှု တားဆီးရေး (Anti-Corruption):
လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ချမှု အမျိုးမျိုးအပေါ် အလုံးစုံ သည်းခံမထားသည့် (Zero-Tolerance) မူဝါဒကို
ကျွန်တော်တို့အလေးပေးလိုက်နာဆောင်ရွက်ပါသည်။
တရားမျှတသော ယှဉ်ပြိုင်မှု (Fair Competition):
ကျွန်တော်တို့သည် မတရားသော အကျိုးအမြတ်ရရှိစေနိုင်သည့် လုပ်ရပ်များကို ရှောင်ရှားကာ တရားမျှတပြီး ကျင့်ဝတ်နှင့်ကိုက်ညီသည့်
နည်းလမ်းများဖြင့် ယှဉ်ပြိုင်လုပ်ကိုင်ပါသည်။
လျှို့ဝှက်ချက် ထိန်းသိမ်းမှု (Confidentiality):
ဖောက်သည်များ၊ ပါတနာမိတ်ဖက် များနှင့် လုပ်ဖော်ကိုင်ဖက်များမှ ကျွန်ုပ်တို့အား ယုံကြည်စွာ ပေးအပ်ထားသည့်
လျှို့ဝှက်အချက်အလက်များအားလုံးကို ကျွန်တော်တို့သည် လုံခြုံစွာ အလေးထားထိန်းသိမ်းကာ ကာကွယ်စောင့်ရှောက်ပါသည်။
၄။ စာချုပ်ဆိုင်ရာ တာဝန်ဝတ္တရားများ (Contractual Obligations)
ကျွန်ုပ်တို့သည် စာချုပ်ဆိုင်ရာ တာဝန်ဝတ္တရားအားလုံးကို အကျင့်စာရိတ္တရှိစွာ၊ ပရော်ဖက်ရှင်နယ်ကျကျနှင့် အချိန်မီ ပြီးပြည့်စုံအောင် ဆောင်ရွက်ရန်
ကတိပြုထားပါသည်။ ထို့အပြင် အောက်ပါ အချက်များကို ဦးစားပေး လိုက်နာဆောင်ရွက်ပါသည်–
ရှင်းလင်းပြတ်သားသော သဘောတူညီချက်များ (Clear Agreements):
စာချုပ်ချုပ်ဆိုရာတွင် ကျွန်တော်တို့သည် ရှင်းလင်းတိကျပြီး ဥပဒေနှင့် ကိုက်ညီစေရန် သေချာစွာ ပြုလုပ်ချုပ်ပါသည်။
အရည်အသွေးပြည့်မီသော ဆောင်ရွက်မှု (Quality Performance):
စာချုပ်တွင် သတ်မှတ်ထားသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည့် သို့မဟုတ် ထိုလိုအပ်ချက်များကို ကျော်လွန်နိုင်သည့် အရည်အသွေးမြင့်
လုပ်ငန်းများကို လည်းကျွန်တော်တို့ဆောင်ရွက်ပေးပါသည်။
တရားမျှတ၍ ရိုးသားသော ဆက်ဆံမှု (Fair Dealing):
စာချုပ်ဆိုင်ရာကိစ္စအဝဝကိုဆောင်ရွက်ရာတွင်လည့်ကျွန်တော်တို့သည် ပါတနာမိတ်ဖက်များအားလုံးနှင့် တရားမျှတပြီး ရိုးသားသော နည်းလမ်းများဖြင့်
ဆက်ဆံ လုပ်ကိုင်ပါသည်။
ဤ အချက်အလက်များကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဖောက်သည်များ၊ ပါတနာမိတ်ဖက်များနှင့်အတူ ခိုင်မာပြီး
ရေရှည်တည်တံ့သော ဆက်ဆံရေးများကို တည်ဆောက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
၅။ ပရော်ဖက်ရှင်နယ် အပြုအမူများ (Professional Conduct)
ကျွမ်းကျင်မှု (Competence):
ကျွန်ုပ်တို့၏ အတွေ့အကြုံ၊ ကျွမ်းကျင်မှု နှင့်သက်ဆိုင်သော စီမံကိန်းများကိုသာ စနစ်တကျအလေးပေးလက်ခံဆောင်ရွက်ပါသည်။
ဖောက်သည်ဝန်ဆောင်မှု (Client Service):
ကျွန်တော်တို့ ၏ဝန်ဆောင်မှုတိုင်းကိုအချိန်မီ၊ လျင်မြန်စွာဖြင့် တုံ့ပြန်ပြီး ကုန်ကျစရိတ်သက်သာပြီးအကျိုးရှိသော နည်းလမ်းများကို
ပံ့ပိုးပေးခြင်းအားဖြင့် ကျွန်တော်တို့ လေစားအပ်ရသောဖောက်သည်များ၏ မျှော်လင့်ချက်များကို
ကျော်လွန်စွာဆောင်ရွက်ပေးနိုင်ရမည်ဟုကတိပြုထားပါသည်။
တိကျမှုနှင့် ပွင့်လင်းမြင်သာမှု (Accuracy and Transparency):
ကျွန်ုပ်တို့၏ အစီရင်ခံစာများ၊ တွက်ချက်မှုများနှင့် ဒီဇိုင်းရေးဆွဲချက်များအားလုံးကို တိကျပြည့်စုံစေရုံသာမက ပွင့်လင်းမြင်သာပြီး
နည်းစနစ်ကျစေရန် စနစ်တကျ ဝန်ဆောင်မှုပေးပါသည်။
လုံခြုံရေး (Safety):
ကျွန်တော်တို့သည် အများပြည်သူ၏ လုံခြုံရေးကိုအဓိကထားကာ သက်ဆိုင်ရာ လုံခြုံရေး စံနှုန်းများနှင့် စည်းမျဉ်းများအားလုံးကို
ပြည့်မီစေရန် အဆောက်အဦးများကို လေ့လာတွက်ချက်ပြီးမှသာဒီဇိုင်းရေးဆွဲပါသည်။
၆။ မတူကွဲပြားမှု၊ တရားမျှတမှုနှင့် ပါဝင်နိုင်မှု (Diversity, Equity, and Inclusion)
Kedmor Engineers Ltd. သည် မတူကွဲပြားမှုကို လေးစားတန်ဖိုးထားပြီး တရားမျှတကာ အားလုံးပါဝင်နိုင်သော လုပ်ငန်းခွင်တစ်ခုကို
ဖော်ဆောင်ရန် ကတိပြုထားပါသည်။ အတွေးအခေါ်၊ အတွေ့အကြုံနှင့် နောက်ခံအခြေအနေများ မတူကွဲပြားမှုသည် ဆန်းသစ်တီထွင်သော
ဖြေရှင်းချက်များနှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းရလဒ်များကို ဖန်တီးပေးနိုင်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့်
အောက်ပါအချက်များကို အားထားလိုက်နာ ဆောင်ရွက်ပါသည်–
မတူကွဲပြားသော ဝန်ထမ်းအင်အားကို ခန့်အပ် ထိန်းသိမ်းထားခြင်း။
လူမျိုး၊ လိင်၊ အသက်အရွယ်၊ ဘာသာရေး၊ လိင်ဆိုင်ရာ ဦးတည်ချက်၊ လိင်အမြင်အယူအဆ၊ မသန်စွမ်းမှု သို့မဟုတ် ဥပဒေအရ
ကာကွယ်ပေးထားသော အခြား လက္ခဏာများ မည်သည့်အရာမျိုးမဆို မခွဲခြားဘဲ ဝန်ထမ်းအားလုံးအတွက် တူညီသော အခွင့်အလမ်းများ
ပံ့ပိုးပေးခြင်း။
ခွဲခြားဆက်ဆံမှု၊ အနိုင်ကျင့်မှု (Harassment) နှင့် အပြစ်တင်လက်တုံ့ပြန်မှု (Retaliation) မရှိသော လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကို
ဖန်တီးထိန်းသိမ်းခြင်း။
အချင်းချင်းပူးပေါင်’ပါဝင်နိုင်မှုနှင့် အပြန်အလှန်လေးစားမှုကို အခြေခံသော ယဉ်ကျေးမှုတစ်ရပ်ကို မြှင့်တင်ခြင်း။
ဝန်ထမ်းအားလုံးအတွက် သင်တန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ပံ့ပိုးပေးခြင်း။
၇။ ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှု (Professional Development)
Kedmor Engineers Ltd. သည် ဝန်ထမ်းများ၏ ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထား ဂရုစိုက်ပံ့ပိုးပေးပါသည်။
ကျွန်တော်တို့ ဝန်ထမ်းများ၏ လေ့လာသင်ယူမှုမပြတ်စေရန် နှင့် ကိုယ်ပိုင်အရည်အချင်း တိုးတက်မှုများကို မြှင့်တင်နိုင်ရန်
အောက်ပါအချက်များကို အလေးပေး လိုက်နာ ဆောင်ရွက်ပါသည် –
အဖွဲ့အစည်းအတွင်း သင်တန်းများနှင့် ဆွေးနွေးပွဲများကို ပုံမှန် ကျင်းပပေးခြင်း။
ပြင်ပ ဆွေးနွေးပွဲများ၊ အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ဝန်ထမ်းများ တက်ရောက်နိုင်ရန် ထောက်ပံ့ပေးခြင်း။
သက်ဆိုင်ရာ ပရော်ဖက်ရှင်နယ် လက်မှတ်အတည်ပြုချက်များ (Certifications) နှင့် အဖွဲ့ဝင်ဖြစ်မှုများကို ထောက်ပံ့ကူညီခြင်း။
လုပ်ငန်းလောက၏ လမ်းကြောင်းများနှင့် အကောင်းဆုံး လုပ်ထုံးလုပ်နည်းများကို အမြဲမပြတ် သိရှိနေနိုင်ရန် စာဖတ်ရှုမှုနှင့်
သုတေသန ပြုလုပ်မှုများကို အားပေးခြင်း။
၈။ နိုင်ငံတကာအမြင်အာရုံ (International Focus)
ယဉ်ကျေးမှု အာရုံခံစားမှု (Cultural Sensitivity):
ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအတွင်း ယဉ်ကျေးမှု မတူကွဲပြားမှုများကို သိရှိနားလည်ကာ
အရေးပေးလေးစားတန်ဖိုးထားပါသည်။
ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများ (Global Standards):
အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုထားသော အင်ဂျင်နီယာ စံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများကို
လေးစားလိုက်နာဆောင်ရွက်ပါသည်။
၉။ အရည်အသွေး အာမခံမှု (Quality Assurance)
ကျွန်ုပ်တို့သည် ISO 9001 အတည်ပြုလက်မှတ်ရရှိထားပြီး အရည်အသွေး စီမံခန့်ခွဲမှု စနစ်များနှင့်
ဆက်လက်တိုးတက်ကောင်းမွန်စေရန် ကတိပြုထားကြောင်းကို ဖော်ပြပေးပါသည်။
၁၀။ စိုးရိမ်ဖွယ်အခြေအနေများ တိုင်ကြားခြင်း (Reporting Concerns)
ဤ အကျင့်စည်းမျဉ်း (Code of Conduct) ကို ကျွန်တော်တို့ ချိုးဖောက်နေသည်ဟု သံသယရှိပါက ဝန်ထမ်းများအား တိုင်ကြားရန်
အားပေးတိုက်တွန်းပါသည်။ ယုံကြည်စိတ်ဖြင့် တိုင်ကြားမှုများ ပြုလုပ်ပါက အပြစ်တင်လက်တုံ့ပြန်မှု (Retaliation)
မည်သည့်အမျိုးအစားမျိုးမဆို မရှိစေရန် အာမခံပါသည်။ တိုင်ကြားနိုင်သည့် လမ်းကြောင်းများအဖြစ် ကြီးကြပ်ရေးမှူးများနှင့်
လူ့အရင်းအမြစ်ဌာန (Human Resources Department) အပါအဝင် လမ်းကြောင်းအမျိုးမျိုးကို ပံ့ပိုးထားပါသည်။
၁၁။ ကတိကဝတ် (Commitment)
ဤ အကျင့်စည်းမျဉ်း (Code of Conduct) ကို ကျွန်တော်တို့ ချိုးဖောက်နေသည်ဟု သံသယရှိပါက ဝန်ထမ်းများအား တိုင်ကြားရန်
အားပေးတိုက်တွန်းပါသည်။ ယုံကြည်စိတ်ဖြင့် တိုင်ကြားမှုများ ပြုလုပ်ပါက အပြစ်တင်လက်တုံ့ပြန်မှု (Retaliation)
မည်သည့်အမျိုးအစားမျိုးမဆို မရှိစေရန် အာမခံပါသည်။ တိုင်ကြားနိုင်သည့် လမ်းကြောင်းများအဖြစ် ကြီးကြပ်ရေးမှူးများနှင့်
လူ့အရင်းအမြစ်ဌာန (Human Resources Department) အပါအဝင် လမ်းကြောင်းအမျိုးမျိုးကို ပံ့ပိုးထားပါသည်။
