Gila Falik
Gila Falik
ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲ (Chief Accountant)
Gila သည် အတွေ့အကြုံပြည့်ဝသော Finance Manager တစ်ဦးဖြစ်ပြီး Accounting၊ Mediation၊ Sports Organizational Management နှင့် Finance ဆိုင်ရာ အရည်အချင်းများကို ပိုင်ဆိုင်ထားပါသည်။ ထို့အပြင် ၂၀၀၁ ခုနှစ်တွင် Ariel College မှ Management ဘွဲ့ ရရှိထားပါသည်။
Gila သည် Kedmor ၏ အတွင်းပိုင်း ဘဏ္ဍာရေးလုပ်ငန်းအားလုံးကို တာဝန်ယူ စီမံခန့်ခွဲ လျက်ရှိပြီး ကိုယ်ပိုင် Financial Services ကုမ္ပဏီ၏ ဒါရိုက်တာ အဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၀ ခုနှစ်တွင် Kedmor သို့ မဝင်ရောက်မီ အချိန်ကာလ ၉ နှစ်ကြာ spring manufacturing ကုမ္ပဏီတစ်ခုတွင် Chief Financial Officer (CFO) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
Gila သည် Institute of Certified Public Accountants မှ ရွေးချယ်တင်မြှောက်ခြင်းခံရကာ အစ္စရေးရှိ Payroll Accountants စာမေးပွဲ စိစစ်ရေး ပရော်ဖက်ရှင်နယ် ကော်မတီ ၏ အဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် Association of Rape Crisis Centers in Israel ၏ Finance Committee ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေပြီး၊ လူငယ်များ၏ ဘဝကို ပြောင်းလဲတိုးတက်စေရန် ရည်ရွယ်သည့် ‘HaGal Sheli’ အဖွဲ့အစည်းတွင်လည်း စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်ကူညီနေပါသည်။
အားကစားနှင့် ချက်ပြုတ်ခြင်းကို ဝါသနာပါတဲ့ Gila သည် ပြေးခြင်း၊ ရေကူးခြင်း၊ TRX လေ့ကျင့်ခန်းလုပ်ခြင်း နှင့် အရှေ့တိုင်းအစားအစာများ ချက်ပြုတ်ခြင်း ကို လည်းနှစ်သက်ပါသည်။
