HASHLOSHA BRIDGE

တည်နေရာ – အရှေ့ဘက် “HaSholsha” လမ်းနှင့် အနောက်ဘက် “Harehev” လမ်းကြား၊ တဲလ်အဗစ် (Tel Aviv), အစ္စရေးလ်​

“HaSholsha” တံတားသည် Tel Aviv-Yafo မြို့နယ်အာဏာပိုင်နှင့် Ayalon Routes Company တို့ ပူးပေါင်း၍ ကျင်းပသော ဗိသုကာပြိုင်ပွဲ ဒီဇိုင်းဝန်ဆောင်မှုအစီအစဉ်အဖြစ် မြှင့်တင်ဆောင်ရွက်ခဲ့သော စီမံကိန်းဖြစ်ပါသည်။ ကျွန်ုပ်တို့အား တင်ပြထားသော တံတားဒီဇိုင်းအတွက် structural အမြင်နှင့် အကြံပြုချက်များ ပေးရန် တောင်းခံခဲ့ပါသည်။​

ဤတံတားကို လမ်းလျှောက်သူများ၊ စက်ဘီးစီးသူများနှင့် ယာဉ်များ အသုံးပြုနိုင်ရန် ရည်ရွယ်ထားပြီး Ayalon လမ်းကြောင်းများနှင့် ရထားလမ်းများကို ဖြတ်ကျော်တည်ဆောက်မည်ဖြစ်ပါသည်။ တံတား၏ စုစုပေါင်းအရှည်မှာ ခန့်မှန်းအားဖြင့် ၁၁၀ မီတာရှိပြီး အကျယ်မှာ ၂၆ မီတာဖြစ်ပါသည်။​

Kedmor ၏ အဆိုပြုဒီဇိုင်းတွင် အလယ်ဗဟိုရှိ Pylon တစ်ခုသို့ ကေဘယ်လ်များဖြင့် ချိတ်ဆက်ထားသော Continuous Box Girder ပါဝင်သည့် Cable-Stayed Bridge ပုံစံကို အသုံးပြုထားပါသည်။ Pylon မှ ထွက်သော အလျားဖြတ် ကေဘယ်လ်များသည် တံတားအလယ်ပိုင်းရှိ Main Box Section ကို ထောက်ပံ့ပေးပါသည်။ Pylon ၏ ပုံစံမှာ ပြန်လှန် “Y” ပုံစံ (Inverted Y-Shape) ဖြစ်ပါသည်။ Pylon ၏ နောက်ဘက်ပိုင်းတွင် ထပ်မံ ကေဘယ်လ်များ တပ်ဆင်ကာ မြေပြင်အောက်ရှိ အုတ်မြစ်များနှင့် ချိတ်ဆက်၍ Anchor ပြုလုပ်ထားပါသည်။​

Eli Rahas Architects & Cities Planners Ltd, AMAV, Transportation & Traffic Ltd.​