ရွန်းလဲ့လဲ့ကြိုင်

ရွန်းလဲ့လဲ့ကြိုင်

​Team Leader

မရွှန်းသည် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါသည်။

သူမ၏ ယခင်လုပ်ငန်းအတွေ့အကြုံများအရ စင်ကာပူအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် သုံးနှစ်ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး Precast BIM Officer အရာရှိတစ်ဦးအဖြစ် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။

မရွှန်းလဲ့လဲ့ကြိုင်သည် လွန်ခဲ့သောနှစ်များအတွင်း စင်ကာပူစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ခဲ့သည့် အထပ် ၃၉ ထပ်ပါ “Two Gently Curving” မျှော်စင်များဖြစ်သော One Pearl Bank ကွန်ဒို၊ ၁၉ ထပ်ပါ Hotel Club Street နှင့် အခြားသော ကွန်ဒိုမီနီယံနှင့် ကျောင်းစီမံကိန်းများ အပါအဝင် စင်ကာပူဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်တွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်းကာလအတွင်း BIM (Revit) မော်ဒယ်များကို အသုံးပြု၍ အလုပ်ရုံဆင်းပုံစံများ (Shop Drawings)အထူးသဖြင့် အဆောက်အအုံအစိတ်အပိုင်းများအတွက် သံကူကွန်ကရစ် အသေးစိတ်ပုံစံများ (Structural Reinforcement Rebar Detailing) နှင့် စာရွက်စာတမ်းများကို အချိန်မီ တစ်ပြိုင်တည်း ထုတ်ဝေနိုင်ရန် အခြားသက်ဆိုင်သူများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

သူမသည် Kedmor သို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဝင်ရောက်ခဲ့ပြီး သင်တန်းဆင်းခဲ့ကာ၊ ၂၀၂၄ ခုနှစ်တွင် အဖွဲ့ခေါင်းဆောင် (Team Leader) အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပါသည်။”

မရွှန်းလဲ့လဲ့ကြိုင်သည် သူမ၏အားလပ်ချိန်များကို အစားအသောက်ပြင်ဆင်ခြင်း၊ ခရီးသွားခြင်းနှင့် ရုပ်ရှင်ကြည့်ရှုခြင်းတို့ဖြင့် ကုန်ဆုံးရန် နှစ်သက်သည်။